Samsung galaxy core 2 version4.4.2 SM-G355H ကို root လုပ်​နည်း








Samsung galaxy core 2 kitkat 4.4.2 SM-G355H ကို rootလုပ်​ဖို့အတွက်​ UPDATE-Kinguser 3.4.0 ,zip file ​လေးကို ​အောက်​ကလင့်​မှာ​ဒေါင်းလိုက်​ပါ
http://pc.cd/WwW

ဒေါင်းပြီးရင်​ ​ဒေါင်းလို့ရလာတဲ့ zip file ​လေးကို sdcard ထဲကိုထည့်​လိုက်​ပါ
ပြီးရင်​ ဖုန်းကိုပါဝါပိတ်​ပြီးဘထ္တရီထုပ်​လိုက်​ပါ ပြီးရင်​ပြန်​ထည့်​ပါ။ဖုန်းကို Recovery mode ထဲကိုဝင်​ပါ။
Recovery mode ထဲကိုဝင်​ဖို့အတွက်​ home+power+volume up သုံးခုကိုပြိုင်​တူ ၅စက္ကန့်​​လောက်​နှိပ်​ထားလိုက်​ပါ စက်​ရုပ်​ပုံ​လေး​ပေါ်လာရင်​ volume down ကိုတစ်​ချက်​နှိပ်​လိုက်​ပါ Recovery mode ထဲ​ရောက်​သွားပါလိမ့်​မည်​။ စာတန်း​လေးငါး​ကြောင်း​လောက်​​ပေါ်လာတာကို​တွေ့ပါလိမ့်​မယ်
volume down ခလုပ်​နဲ့ ​အောက်​ကိုဆွဲချပြီး apply update from storage sdcard ကို​ရွေးချယ်​ပြီး powerခလုပ်​ကို ok အဖြစ်​အသုံးပြု ပြီး powerခလုပ်​ဖြင့်​ ​ok နှိပ်​လိုက်​ပါ။ sdcard ထဲကို​ရောက်​သွားပါလိမ့်​မည်​။ ကျွန်​​တော်​တို့ အ​စော sdcard ထဲကို​ရွေ့ထားတဲ့ zip file​ ​လေးကို ရှာပြီး power ခလုပ်​ဖြင့်​ okနှိပ်​လိုက်​ပါ။ auto reboot ကျသွားပါလိမ့်​မည်​။ ဖုန်းပြန်​ပွင့်​လာရင်​ ဖုန်းက root ​​ပေါက်​သွားပြီဖြစ်​ပါတယ်​။